ဝေးနေဆဲအိပ်မက်သူ

Standard

ဝေးနေဆဲအိပ်မက်သူ
အိပ်မက်တွေဟာ အိပ်မက်တွေမမက်ရဲတော့ဘူ။
မျှော်လင့်ခြင်းတွေကို အစာသွပ်လို့ စကားလုံးဆန်းသစ်ဖို့ မရဲတော့ဘူး
မှောင်မိုက်ခြင်းတွေထဲမှာ မျှော်လင့်ခြင်းအလင်းရောင်တောက်ပဖို့ ဆုတောင်းနေဆဲသူ
လျှောက်လှမ်းရင်း လျှောက်လှမ်းရင်းခြေချော်ကြနေသူ
ဟန်ဆောင်မှုတွေအောက်မှာပျော်မွေ့ရင်း အစစ်အမှန်ထင်လာသူ
ငြိမ်သက်မှုတွေနဲ့အသားတကျနေထိုင်တတ်နေခဲ့ရင်း
ပေါ့ပေါ့ပါးပါး မျောလွင့်တတ်ခဲ့ပြီ

အဆာပြေပြီလား

Standard

မင်းတို့ ပြောင်းလဲပြီ
ငါတို့ပြောင်းလဲပြီတဲ့
ငါထင်တာတော့
ရုပ်ဝတ္တုတွေပြောင်းလာတာနဲ့
ငါတို့တွေ အားလုံးပြောင်းလဲကုန်တာလား။
စိတ်ဓာတ်တွေ မပြောင်းလဲသရွေ့
ငါတို့တွေ ပြောင်းလဲနိုင်အုံးမှာလား…။
သူသူငါငါတွေမှာ
အတွေးတွေကိုယ်စီ ကိုယ်စီနဲ့ပဲ
ဘတ်စ်ကားတွေမှာ တိုးတိုးကြိတ်ကြိတ်
သွားသုတ်သုတ် လာသုတ်သုတ်နဲ့
နွေနေပူမှာ ကိုယ်စီအပူနဲ့
လှုပ်လှုပ်ရှားရှားဘဝတွေနဲ့
ငါတို့တွေ ချီတက်နေရဆဲလား ..
အမေးတွေ ရှိပင်မယ့်
အဖြေတွေ မရှိသေးတဲ့
ပုစ္ဆာတွေကို ဘယ်လိုပြစ်ထားရမလဲ။
မပြောင်းမလဲ သံသယတွေ
ထပ်မံထွေးပိုက်ရင်း
ငါတို့ အတ္တတွေကို
ငါတို့ ဝါးမြိုချရင်း
ပြန်မပြောတတ်တဲ့
ဆွံ့အတစ်ဦးလို ငါတို့တွေ
ကျင့်ကြံသုံးနေရဆဲ
ဝါဒရေးရာတွေကို တစ်ခါတစ်ရံ
ကျယ်ကျယ်လောင်လောင် ဆွေးနွေးလာကြတာနဲ့ပဲ
စိတ်အဆာပြေနိုင်ပြီလား
အယူတွေ ဝါဒတွေ သံသယတွေ
ဂုဏ်ဒြပ်တွေ အမည်တပ်မှုတွေမှာ
သာမညအတွေးတွေနဲ့
ငါတို့ေ၇ှ့ဆက်နေရအုံးမှာပဲ ။
ခံစားတတ်မှုမှာ
နာကျင်မှုကလွဲလို့
ငါတို့ဘာကို ခံစားရအုံးမှာလဲလို့တော့ 
လာမေးလည်း ငါ့မှာ အဖြေမရှိသေးဘူး.
သူသူ ငါငါ
အတွေးတွေ ထပ်မံထွေးပိုက်ထားရင်း
သွားသုတ်သုတ် လာသုတ်သုတ်နဲ့
နေ့စဉ်ဘဝမှာပဲ ပျော်ဝင်နေတာပဲ

ငြိတွယ်အဆွေး

Standard

ငြိတွယ်အဆွေး
အတွေးတွေကို သွန်ချတဲ့အခါမှာ ဘေးဘက်မစင်အောင်
ကိုယ်က ကိုယ့်အတွေးတွေနဲ့ပဲ
လိုက်လျောတစ်ထွေ
နေထိုင်လှုပ်ရှားရတဲ့အခါ
မျက်လုံးချင်းဆုံပြန်သတဲ့အခါ …
ဝိုင်ပြင်းပြင်းတစ်ခွက်ကို သောက်ရဖို့အတွက်
နှစ်ရှည်စိမ်ထားရသလို အလွမ်းပြင်းပြင်းတွေက
ကိုယ့်စိတ်ထဲ နှစ်ရှည်သိုဝှက်ထားဆဲ။
အိမ်ပြန်အိပ်မက် မက်သူတွေရှိသလို
အိမ်မပြန်ချင်သေးလို့ အိမ်ပြေးလေးတစ်ချို့လည်း ရှိနိုင်ပါသေးရဲ့ ။
တိုက်စားသွားတဲ့အရာတွေများလွန်းတော့လည်း
ဘယ်သူ့ကအပြစ်သမားဆိုတာလည်း မသိတော့ဘူး။

အတိတ် လွမ်းစာ

Standard

ရန်ကုန်မှာ ရာသီဥတုတွေ အေးလွန်းနေချိန် ဘယ်ကိုမှ မသွားနိုင်ဘဲကွန်ပျူတာရှေ့မှာပဲအချိန်ကုန်ဖြစ်တယ်။ အမှတ်မထင် မီးစိမ်းနေတဲ့ အကောင့်တစ်ခုကို တွေ့လိုက်ရတဲ့အခါ စကားပြောချင်စိတ်ကို ထိန်းမရတော့ ရာသီဥတု ဘယ်လိုနေလဲမေးတော့ ဒီမှာလည်း အရမ်းအေးနေတယ်ဆိုတဲ့ စကားလေးတစ်ခွန်း ပြန်ပြောဖော်၇တဲ့အခါ စိတ်တွေက လေမှာလွင့်နေသလို။ မတွေ့ရတဲ့ နှစ်တွေအများကြီးထဲမှာ ကိုယ်တို့တွေ စကားပြောဖြစ်ခဲ့တဲ့ အချိန်တွေက အရမ်းနည်းလွန်းခဲ့ပါတယ်။ သံသယတွေ မာနတွေနဲ့ကိုယ်တို့တွေ ဝေးခဲ့ရတာ ဘယ်လောက်ကြာပါပြီလဲ ။ ဟိုးအရင်အချိန်တုန်းက ဒီလို အေးလွန်းတဲ့ ဆောင်းရာသီမှာ အတူဖြတ်သန်းခဲ့ဖူးတယ်။ ရန်တွေ ဖြစ်ခဲ့ဖူးတယ်။ အတူတူ လမ်းတွေ လျှောက်ခဲ့ဖူးတယ်။ သီချင်းတွေ အတူဆိုဖူးတယ်။ စာအုပ်တွေ အတူတူ သွားဝယ်ဖူးတယ်။နှစ်ကြာရှည်စွာထားခဲ့ဖူးတဲ့ သံယောဇဉ်တွေဟာ အရည်ဖျော်သောက်လိုက်သလို ဘာဆိုဘာမှ မရှိတော့ဘူးလား။ အချိန်တွေအကုန်မြန်သလို စိတ်ရှည်သီးခံမှုတွေလည်း အကုန်မြန်သွားပြီလား ။ အဝေးဆုံးရောက်မှ အနီးဆုံးပြန်ရောက်ချင်တဲ့ စိတ်တွေကို အပြီးသတ် ချေမှုန်းဖို့တိုက်စစ်ဆင်ထားပင်မယ့် ဒီတိုက်ပွဲကို အနိုင်မရခဲ့ပါဘူး။ စိတ်တွေက အတိတ်တွေဆီပဲပြန်လှည့်လည်နေဆဲပဲ ။ နေသာပါရဲ့လား အဆင်ပြေပါ၇ဲ့လားလို့တွေးမိတဲ့ အတွေးတွေကို မောင်းထုတ်တိုင်း မောင်းထုတ်တိုင်းမှာ ရင်နာရမှုတွေက အလိုက်သင့်ကပ်ပါလာဆဲပါ။ ၂၀၁၂ ခုနှစ်ရဲ့ပထမဦးဆံး အီးမေးလ်ဟာ မင်းဆီကို ရေးတဲ့ စာဖြစ်နေသလို မမျှော်လင့်ထားတဲ့ ပြန်စာ ရရှိလာသောအခါ ဝမ်းသာရပါတယ်။ ဒါပင်မယ့် ခံစားချက်မပါဝင်တဲ့ အကြောင်းအရာတွေကို ရေးသားဖော်ပြထားတာကို ကြည့်ကတည်း ပြန်လာဖို့ မစဉ်းစားတော့ဘူးဆိုတာ ပိုပို သေချာသွားပါပြီ။

ငါးကျပ် ငါးထောင်….

Standard

ငါးကျပ် ငါးထောင်
မြန်မာဝတ္ထုတိုများ စာအုပ်ဖတ်နေရင်းစာရေးဆရာကျော်အောင်ရဲ့ ငါးကျပ်တန်လေးတစ်ရွက်ဆိုတဲ့ ဝတ္ထုကိုဖတ်ရင်း ငယ်ငယ်ကရခဲ့တဲ့ မုန့်ဖိုးငါးကျပ်တန်လေးတစ်ရွက်ကို မျက်စိထဲပြေးမြင်လာတယ်။ ဒီငါးကျပ်တန်လေးဟာ ကလေးဘဝတုန်းက ရခဲ့ဖူးတဲ့ မုန့်ဖိုးပေါင်းများစွာထဲက မှတ်မှတ်ရရရှိနေဆဲ ငါးကျပ်တန်လေးဖြစ်တယ်။ ထိုငါးကျပ်တန်လေးကို သိမ်းထားခဲ့ရမှန်း ကိုယ်မသိခဲ့သည်ကို အမှန်မသိခဲ့သည်ကို နောင်တရနေသည်။ ကလေးဆိုတော့လည်း ထိုငွေလေးကို မုန့်စားရဖို့အရေးသာ ဦးစားပေးခဲ့ခြင်းကို အပြစ်မတင်ချင်တော့ပါ။

ကျော်အောင်ရဲ့ ဝတ္ထုလေးတွင် ဖဲသမားတစ်ဦးရဲ့ ဖဲကစားခြင်းလောဘအတွက် လမ်းဘေးတွင်အိပ်ပျော်နေသည့် ကောင်မလေးရဲ့ လက်ထဲက ငွေငါးကျပ်ကိုယူဆောင်ကာ ဖဲကစားပြီး အနိုင်ရရှိသောအခါ မူလငွေငါးကျပ်ပိုင်ရှင်ထံသို့ ပြန်ပေးဖို့အသွားမှာ ပိုင်ရှင်က အအေးဒဏ်ကြောင့် သေဆုံးနေသော အကြောင်းအရာကိုရေးဖွဲ့ထားခြင်းဖြစ်သော်လည်း ကိုယ်ရခဲ့သောငါးကျပ်တန်လေးသည် မိခင်မေတ္တာကို ခံစားခဲ့ရခြင်းဖြစ်သည်။

သုံးတန်းနှစ်လောက်က အဖေနဲ့အမေ အကြီးအကျယ်ရန်ဖြစ်ကြတယ်။ ကိုယ်က ဘေးအိမ်မှာ ကစားနေချိန်ဖြစ်သည်။ အမေထွက်သွားတာကို လှမ်းမြင်လိုက်သော်လည်း ကိုယ် မခေါ်မိ။ ဘေးအိမ်ကအဒေါ်ကတော့ နင့်အမေထွက်သွားပြီလို့ပြောသော်လည်း ကိုယ်သိပ်နားမလည်ခဲ့ပေ။ အဖေနှင့် အမေ သဘောထားခြင်း မတိုက်ဆိုင်မှုများဖြစ်ကာ အမေထွက်သွားခြင်းဖြစ်သည်။ ကိုယ်သိတတ်စကတည်းက အမေတို့ ကတောက်ကဆဖြစ်တာကို တွေ့ဖူးသော်လည်း အမေ ဒီလိုတစ်ခါမှမထွက်သွားတတ်ပေ။ ပြီးတော့လည်း ပြီးသွားတာပဲဖြစ်သည်။ အခုအကြိမ်မှာ ဘယ်လိုသဘောထားကွဲလွဲမှုတွေဖြစ်ခဲ့သည်တော့ ကိုယ်မသိပေ။ အမေထွက်သွားသည့် ရက်တွေမှာ ကိုယ်တို့တွေ အတော်ကသီကလင်နိုင်သည်ကား အမှန်ပင်ဖြစ်သည်။ အမေဘယ်ထွက်သွားတာလဲဆိုတာကိုလည်း ကိုယ်တို့တွေမမေးရဲခဲ့ပေ။ ကိုယ်တို့တွေ စားရေးသောက်ရေးကအစ ကျောင်းသွားဖို့အရေးကိုယ့်ဘာသာ လှုပ်ရှားရတာများသည်။ ဘေးအိမ်က အဒေါ်ကြီးက ကိုယ်တို့တွေကို သနားလို့ ဟင်းချက်ပေးတာတွေတော့လုပ်ပေးပင်မယ့် ကိုယ်တို့အတွက် အမေသည် အစစအရာရာ လုပ်ပေးခဲ့သည်ကိုသာ လိုချင်ခဲ့သည်။ သို့သော် အမေ ပြန်လာပါလို့ မပြောရဲခဲ့ပေ။ မောင်နှစ်မတစ်သိုက်ရဲ့ ဆူပူလှုပ်ရှားမှုများကလည်း ထိုရက်ပိုင်းအတွင်းမှာ အတော်ပင် အေးစက်နေခဲ့သည်။ အငယ်ဆုံးဖြစ်သော ကိုယ်သည် အမေနှင့်အတူအိပ်နေကျဖြစ်သော်လည်း ကိုယ်သည် အမေ့ကိုတမ်းတငိုကြွေးခဲ့ခြင်းတော့မရှိပေ။ သို့သော် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ကိုယ်တို့တွေ ဒီလိုပဲ ကျောင်းတက်နေရင်း ဆယ်ရက်လောက်အကြာ နေ့လည်ဘက်တစ်ချိန်တွင် အတန်းထဲက ကောင်လေးတစ်ယောက်ရဲ့ အိမ်က လာသည်။ သူ့သား မုန့်တွေမပါသွားလို့ပါ။ မုန့်တွေလာပို့ပေးခြင်းဖြစ်သည်။ အဲဒီအချိန်မှာပဲ ကိုယ့်နာမည်နဲ့ အိမ်က မုန့်လာပေးသည်ဆိုတော့ လှည့်ကြည့်လိုက်တော့ အမေဖြစ်နေသည်။ အမေလာသည်ဆိုတော့ ဝမ်းသာသွားသည်။ အမေ့မျက်နှာသည် ချောင်ကျသွားသယောင်ရှိနေသည်။ ကိုယ့်ကို အမေက တွေ့တွေ့ချင်း နေကောင်းလားမေးသည်။ အိမ်မှာ ဘယ်လိုချက်စားကြလဲ။ မောင်နှမတွေ ရန်ဖြစ်မနေကြနဲ့အုံး ။မနက်က အစ်ကိုတို့ကျောင်းမှာ သွားတွေ့ခဲ့တယ်လို့လည်း ပြောသည်။ ကျောင်းပိတ်ရက်ကျရင် လာခေါ်မယ်လို့ပြောသည်။ အခု အမေ အဘိုးတို့အိမ်မှာ နေသည်လို့လည်း တစ်ဆက်တည်းပြောပြတော့ စိတ်အေးသွားသည်။အမေ့စိတ်တွေလှုပ်ရှားနေပုံလည်းရသည်။ အငယ်ဆုံးသမီးလေးက အိမ်မှာ မငိုဘဲ လိမ်လိမ်မာမာနေတာကိုလည်း သဘောကျပုံရသည်။ ကိုယ့်ကို စကားနည်းနည်းပြောပြီး အမေက မုန့်တွေနဲ့ အတူ ငါးကျပ်တန် အသစ်စက်စက်လေးတွေ ပေးခဲ့သည်။ သိပ်မဆော့နဲ့ အစ်ကို အစ်မတွေစကားနားထောင်လို့ ပြောခဲ့ပြီး အမေထွက်သွားသည်။ အမေ့ကို မြင်လိုက်ရတော့ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားသည် ။ သို့သော် ရေရေရာရာ မသိသော အတွေးများဖြင့် ကိုယ်သည် ကျန်ခဲ့သည်။ မုန့်စားဆင်းချိန် ခေါင်းလောင်းကလည်း တစ်ဒေါင်ဒေါင်ခေါက်လာသည်။ ကျောင်းသား ကျောင်းသူတွေရဲ့ အော်ဟစ်သံတွေနဲ့အတူ ကိုယ်သည် ဝရန်တာကနေ အမေ့အပြန်ကို လှမ်းကြည့်နေမိသည်။ အမေ ပေးခဲ့သော အသစ်စက်စက်ငါးကျပ်တန် လေးတွေကို စာအုပ်ကြားထဲညှပ်ထားလိုက်သည်။ ဗိုလ်ချုပ်ပုံပါထိုငါးကျပ်တန်လေးများကို မစားရက်ဘဲ သိမ်းထားခဲ့ပါသော်လည်း ၇က်တွေ လတွေကြာတော့ ဘယ်လိုသုံးမိခဲ့မှန်းတောင် မသိခဲ့ပေ။ မုန့်စားချင်တာကြောင့် မုန့်ဝယ်စားဖို့ အသုံးပြုခဲ့တာပဲ ဖြစ်ပေလိမ့်မည်။

သည်လိုနှင့် အိမ်က ထွက်သွားခဲ့သော အမေသည် ရက်အတန်ကြာတော့ ဦးလေးဖြစ်သူလိုက်ပို့မှုကြောင့် ကိုယ်တို့ဆီသို့ ပြန်လာခဲ့ပါသည်။ ပြေပြစ်ချောမောခြင်းမရှိခဲ့ပါသော်လည်း ကိုယ်တို့တွေရဲ့ မျက်နှာများဖြင့် အမေသည် ပြန်လှည့်လာခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ သိတတ်ကာစကတည်းက အမေသည် အိမ်မှ ပထမဆုံးထွက်ခွာသွားခြင်းဖြစ်ပါသည်။ အမေသည် အဘိုးအဘွားများ၏ တိုက်တွန်းချက်များကြောင့် ပြန်လှည့်လာခြင်းဖြစ်ပေသည်။ သို့သော် အမြဲပင် မတူညီမှုများနှင့်ရှေ့ဆက်သွားခဲ့သော်လည်း ပြိုကွဲမှုများကို ရှောင်ရှားခဲ့ပါသည်။ ထိုစဉ်က ရရှိခဲ့သော် ငါးကျပ်တန်လေးသည် ကလေးတစ်ယောက်နေဖြင့် အဖိုးတန်ခဲ့ပြီး သားသမီးတွေနှင့်ဝေးနေခဲ့ရသော မိခင်တစ်ဦးရဲ့အလွမ်းဓာတ်တွေ ဝန်းရံထားပါလိမ့်မည်။ ရက်အတော်ကြာဝေးနေခဲ့၇သော မိခင်တစ်ဦးရဲ့ မေတ္တာဓာတ်တွေ ရင်းနှီးမြုပ်နှံထားသည်။
ထိုနေ့ ထိုရက်များကို သေချာစွာ မမှတ်မိတော့သော်လည်း ထိုနေ့က မြင်ကွင်းလေးကို ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကွက်တွေလို တစ်ဖြည်းဖြည်း မြင်ယောင်ဆဲသာဖြစ်သည်။ ထိုနေ့က ကိုယ်သည် အားလုံးရှေ့မှာ မငိုခဲ့သော်လည်း ကိုယ့်ရင်ထဲမှာ ငိုကြွေးခဲ့သည်ဆိုတာတော့်သေချာသိသည်။ ထိုဖြစ်စဉ်များသည် ငယ်စဉ်ကတည်းက ကိုယ်ခံစားချက်များကို အများမသိအောင် ဟန်ဆောင်တတ်အောင် အလေ့အကျင့်ပေးထားခဲ့ခြင်းဖြစ်ပေလိမ့်မည်။
မြန်မာနိုင်ငံမှာ ငါးထောင်တန်ကျပ်တွေ စတင်ထွက်သောနေ့က ကိုယ်တို့တွေက ကျိုက်ထီးရိုးသို့သွားသော လမ်းပေါ်တွင်ဖြစ်သည်။ ငါးထောင်တန်ကျပ်ကို အစ်ကိုတစ်ယောက် ပြတော့ အားလုံးဝိုင်းကြည့်ကြတာအမှတ်တရ။ ပြီးတော့ သူငယ်ချင်းဓာတ်ပုံဆရာက ထိုငါးထောင်တန်ကျပ်ကို ကိုယ့်ကို ကိုင်ခိုင်းထားပြီး ဓာတ်ပုံရိုက်ခဲ့တာလည်း အမှတ်တရဖြစ်ခဲ့သည်။
အသက်အရွယ်ရလာတော့ အမေ့ဆီက ရခဲ့ဖူးသော ငါးထောင်တန်လေး တစ်ရွက်ကိုတော့ ကိုယ်သေချာသိမ်းထားခဲ့ပါသည်။ ကိုယ် ရရှိသောလစာထဲက တစ်ချို့တစ်ဝက်ကိုပြန်ပေးသည်။ သီတင်းကျွတ်တွင် အစ်ကို အစ်မများနှင့် မိဘတွေကို ကန့်တော့သော်လည်း သူတို့ဝယ်လာသော ပစ္စည်းများဖြင့်ကိုယ်က ဝင်ကန်တော့လိုက်ခြင်းဖြစ်သည်။ ကိုယ့်ဘာသာ ကန့်တော့ခံပစ္စည်းတွေ ဝယ်ကန်တော့ခြင်းကတော့ မရှိသေးပေ။ သို့သော် ၂၀၁၁ သီတင်းကျွတ်လပြည့်နေ့မှာတော့ ကိုယ်စဉ်းစားသည်။ ကိုယ်သည် ကိုယ့်ငွေကြေးဖြင့်မိဘတွေကို သေချာစွာမကန်တော့ဖူးဘူးဆိုတာကို လက်မခံသင့်တော့ပေ ။ တခြားအချိန်မှာ ကိုယ်မုန့်တွေဝယ်လာတာ ပစ္စည်းတွေဝယ်လာတာရှိသော်လည်း ဒီလို သီတင်းကျွတ်အချိန်မှာတော့ ကိုယ်သေချာ ကန်တော့သင့်သည်။ အစ်ကို အစ်မတွေလည်း သူတို့လုပ်အားနဲ့ကန်တော့ပစေလို့တွေးရင်း သီတင်းကျွတ်လပြည့်နေ့မှာ အဖေ နဲ့ အမေ အတွက် ပစ္စည်းတွေဝယ်သည်။ အဖေ့အတွက် အကျီဖြူနဲ့ပိုးပုဆိုးတွေဝယ်သည်။ အမေ့အတွက် ပန်းထိုးထားသည့် ဇာအကျီနှင့် ပါတိတ်တစ်ထည်ဝယ်သည်။ ကိုယ်သည် တစ်ခါမှ ဒီလို ဝတ်စုံတွေကို တစ်ယောက်တည်းမဝယ်ဖူးပေ။ ကိုယ်ဝတ်သည့် အဝတ်အစားတွေတောင် အစ်မတွေ ဝယ်ပေးရခြင်းဖြစ်သည်။ သို့သော် ကိုယ့်စိတ်နှင့်ကိုယ်ရွေးဝယ်ရင်း စိတ်ပျော်၇ွှင်လာသည်။ အိမ်ရောက်တော့ အစ်မတွေလည်း မရောက်သေးပေ။ သူတို့ကိုလည်း မစောင့်နိုင်တော့ ။ သို့နှင့် ကိုယ်တစ်ယောက်တည်း မိဘတွေကို ကန့်တော့လိုက်သည်။ ဆုတောင်းများကိုနာခံရင်း ကိုယ့်စိတ်တွေကြည်လင်လှသည်။ အမေက ကိုယ့်ကို မုန့်ဖိုးပေးမယ်။ ဘာလိုချင်လဲမေးတော့ မလိုပါဘူးလို့ပြောလိုက်သည်။ အရွယ်ရောက်လာကတည်းက အဘိုးအဘွားတွေ ဦးလေးတွေကို သွားကန့်တော့လည်း မုန့်ဖိုးငွေမယူခဲ့တာ။ အခုလည်း မယူပါဘူး ပြောသော်လည်း အမေက ကိုယ့်ကို ငါးထောင်တန် တစ်ရွက်ထုတ်ပေးသည်။ တန်ဖိုးရှိတာ မရှိတာထက် သူပေးသည့် အမှတ်တရအဖြစ်ကိုယ့်က လှမ်းယူလိုက်သည်။ ကိုယ်ပိုက်ဆံပျက်နေချိန်မှာ တစ်ချိန်လုံး အမေ့ဆီက ကပ်ချွဲပြီး အိပ်ကပ်ထဲက နှိုက်ယူတာတွေက ဒီထက်များသော်လည်း ဒီပိုက်ဆံ ငါးထောင်တန်လေးသည် ကိုယ့်တစ်ယောက်တည်း သီးသန့် ကန်တော့ဖြစ်တုန်းက ဆုတောင်းပိုက်ဆံလေးဖြစ်သော်ကြောင့် ယခုတိုင်အမှတ်အသာြး့ပုလုပ်ပြီးသိမ်းထားဆဲဖြစ်သည်။ မကိုင်ဖြစ်သော ပိုက်ဆံအညိုရောင်လေးတွင် ငါးထောင်တန်လေးကို သေချာစနစ်တကျသိမ်းဆည်းထားနေဆဲသာ ဖြစ်သည်။

ငွေကြေးမချမ်းသာသော်လည်း သိပ်မပူပင်ရသော် ကိုယ်တို့မိသားစုသည် မောင်နှမများ၏ လုပ်အားများဖြင့် အိမ်လေးသည် လည်ပတ်ရှင်သန်နေခြင်းဖြစ်သည် ။လစဉ် အသုံးစရိတ်များကို အစ်မနှစ်ယောက်က ခွဲခြမ်းတာဝန်ယူပြီး အဝေးရောက် အစ်ကိုနှစ်ယောက်ကလည်း တက်နိုင်သလောက်ထောက်ပံ့ကူညီမှုများကြောင့် ကိုယ်သည် လစာငွေအနည်းအကျဉ်းကို အိမ်စရိတ်ထဲ မျှထည့်ရုံသာရှိပြီး အိမ်ရဲ့တာဝန်ကို ဘာမျှ အထူးတာဝန်ထမ်းဆောင်စရာမလိုပေ။ ကိုယ့်အသုံးစရိတ်များဖြင့် တစ်လတစ်လ ကုန်သွားသည်ကားများသည်။ အိမ်ကပြန်တောင်းရသော ငွေကြေးက ကိုယ်ပေးနေသည့် စ၇ိတ်များထက် အဆများသည်ကားတော့အမှန်ဖြစ်သည်။ သို့သော် အမေသည် ကိုယ့်ဝါသနာ ကိုယ့်စိတ်ဝင်စားမှုများကို တစ်စက်ကလေးမှ ငြိုငြင်မှုမရှိခဲ့ပေ။ကိုယ်လိုအပ်သည့် ခေတ်မီအသုံးအဆောင်များကို တက်နိုင်သလောက် ဝယ်ယူပေးခဲ့သည်။ အဝေးရောက်နေသည့် အစ်ကိုကလည်း ကိုယ့်အတွက် ထောက်ပံ့ပေးနေသည်။ သို့နှင့် ကိုယ့်သည် ဘဝကို အပူအပင်ကင်းမဲ့စွာ ဖြတ်သန်းနေရသည်။ သို့နှင့် ကိုယ်ကြိုးစားခဲ့ရသော အချိန်ပေးခဲ့ရသော လေ့လာမှုပညာရပ်များကို ပြန်လည်အသုံးချနိုင်သော အချိန်ရောက်လာပြီဖြစ်သည်။

သို့နှင့် ကိုယ်သည် ကိုယ့်ရှေ့ခရီးစဉ်များကို ကျေနပ်ဝမ်းမြောက်နေပြီး ကိုယ်ရရှိခဲ့ဖူးသော ငါးကျပ်တန်လေးကို သတိရနေသကဲ့သို့ လက်ရှိရထားသော ငါးထောင်တန်လေးကိုလည်း သေချာသိမ်းထားရင်း ကိုယ့်မိဘအတွက်

သူငယ်ချင်းဆိုတာ လွှတ်ပစ်လို့ကောင်းတဲ့အရာလား

Standard

သူငယ်ချင်းဆိုတာ လွှတ်ပစ်လို့ကောင်းတဲ့အရာလား

မိတ်ဆွေသူငယ်ချင်းများနဲ့ပက်သက်ပြီး စာရေးဖို့အကြောင်းက တစ်ခုဖြစ်လာတယ်။
အလုပ်အတူတွဲလုပ်ဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်က သူနဲ့ သူငယ်တန်းထဲကကျောင်းနေဖက်သူငယ်ချင်းနဲ့ အခု အတူတွဲပြီး အလုပ်လုပ်ဖြစ်တယ်။ နှစ်ယောက်စလုံးက ပေါ့ပေါ့ပါးပါးပဲ။ သူတို့ကိုကြည့်ရတာ အထက်တန်းကျောင်းတုန်းက ဆယ်ကျော်သက်အ၇ွယ်ကလေးတွေ ပြောပုံဆိုပုံတွေအတိုင်းပဲ ။ သူတို့သိပ်ချစ်လားဆိုတာတော့ သေချာမသိပါဘူး။ ဒါပင်မယ့် ခင်ခင်မင်မင်နဲ့ ကလေးတွေအတိုင်းနေထိုင်နေတာမြင်တော့ သဘောကျမိတယ်။ လုပ်ငန်းခွင်မှာသိတဲ့သူတွေအချင်းချင်းက အဲဒီလို နေလို့မှမရတာ။ ပြီးတော့ ကျွန်မ သူငယ်ချင်းတွေနဲ့ပက်သက်ပြီး သတိရလာေ၇ာ။ အခုနက သူငယ်ချင်းကပဲ ကျွန်မ သူငယ်ချင်းတွေကို သူက ကြားကနေ သုံးသပ်မှုတွေပြောဆိုတာကို ကြားရတော့ ကိုယ့်ဘာသာတောင် ဝေဝါးသွားတယ်။ ကိုယ်က ကိုယ့်ဘာသာတော့ သေချာမသိပါဘူး။ အခုတလော တွေ့ဖြစ်နေတဲ့သူငယ်ချင်းတွေနဲ့အဆက်အသွယ်ကို သူက သိနေပါတယ်။ ကျွန်မသူငယ်ချင်းတွေနဲ့ ပြောဆိုနေပုံတွေကို သူက အတော်များများသိထားပါတယ်။

ဘယ်လိုဟာသတွေ ပြောဖြစ်တာမျိုးတွေကို ပြန်ပြောဖြစ်တာရော သူငယ်ချင်းတွေဖုန်းဆက်၇င်လည်း ကြားနေပါလိမ့်မယ် ။တစ်ခါတလေ ကိုယ်မရှိတဲ့အခါ ဖုန်းဆက်၇င် သူကပဲ မှတ်ထားတတ်ပါတယ်။ အဲဒီအခါ သူငယ်ချင်းအချို့က ကိုယ့်ကိုဖုန်းပြန်ဆက်ပေးဖို့ မှာတာမျိုး တစ်ခုခု သိချင်လို့ မှာတာမျိုးများပါတယ်။ အဲဒီအခါ သူက ကျွန်မကို သူတို့သိချင်တမျိုးတွေကို ကိုယ်က ဒိုင်ခံလုပ်ပေးတာမျိုးလို့ တွေးထင်လာပါတယ်။ နောက်ပြီးကျွန်မသူငယ်ချင်းတွေက ငွေကြေးတတ်နိုင်သူများပါတယ်။ ကိုယ်က အဖွဲ့ထဲမှာ အမွဲဆုံးလိုဖြစ်နေတတ်ပါတယ်။ အဲဒီအခါ သူက ဘာတွေးမိလဲမသိပါဘူး။ ကျွန်မကို အပေါ်စီးကနေ ခိုင်းတယ်လို့ ထင်တာဖြစ်ပါလိမ့်မယ်။ ကိုယ်ကတော့ အဲဒီလို တစ်ခါမှမတွေးဖြစ်ပဲ ဘာခံစားချက်မှလည်း မရှိပင်မယ့် သူကလည်း ကိုယ့်ဘက်ကတွေးပေးတာဆိုတော့ ကိုယ်လည်း ဘာမှမပြောဖြစ်တော့ပါဘူး။

ဒါပင်မယ့် နောက်ဆုံးတစ်ခု မှတ်ချက်ပြုပြောတာတော့ နင်ဒုက္ခတစ်ခုခုဖြစ်ကြည့် အဲဒီသူငယ်ချင်းတွေက ကူညီမယ်လို့မထင်ပါဘူးတဲ့။ ရေပေါ်ဆီတွေပါတဲ့။ နင်က အဲဒီရေပေါ်ဆီတွေနဲ့ ပေါင်းနေတာကို သာယာနေတာလားတဲ့..။ ရေပေါ်ဆီဆိုတဲ့ စကားလုံးသုံးတာကို သိပ်မကြိုက်ပင် ကိုယ်က သူတို့ ကို ငွေကြေးတွေကြောင့် ပေါင်းနေတာမျိုးတစ်ခါမှ မတွေးဖြစ်ပါဘူး။ လွန်ခဲ့တဲ့ လေးနှစ်လောက်က သင်တန်းတစ်ခုတက်ပြီး ခင်မင်ခဲ့တာနေ နောက်ပိုင်း ဒီ သုံးလေးယောက်လောက်ပဲ ဆုံဖြစ်တာပါ။ ကျန်တဲ့သူတွေကတော့ တစ်ခါတလေမှ တွေ့ဖြစ်ပင်မယ့် ဒ်ီလေးယောက်ကတော့ တွေ့ဖြစ်ပါတယ်။ ဆုံပြီး ဟိုအကြောင်း ဒီအကြောင်းတွေ ပြောဆိုမိပါတယ်။ မုန့်လုပ်စားတာတွေရှိပါတယ်။ ဒါပင်မယ့် သူတို့ဆီက ငွေကြေးအကူအညီအပြင် တခြားဘာမှ မယူခဲ့မိဖူးဘူး။ မုန့်စားလို့ တစ်ယောက်ယောက်က ဥိးစီးရှင်းလိုက်တာကလွဲလို့ ကိုယ်ကဘာမှမယူဖုးဘူး။ သူတို့ကလည်း မုန့်ကျွေးဖို့ရှင်းတာကိုလည်း သူငယ်ချင်းအချင်း စိတ်ထဲမှာ သာတယ်နာတယ်မရှိဘူး။ အများစုကတော့ စုပြီး ရှင်းလိုက်တာပါပဲ ။
သူပြောလိုက်တဲ့စကားတစ်ခွန်းက ကိုယ့်စိတ်ထဲမှာ တကယ်ကို ဆူးတစ်ခုဖြစ်သွားတာတော့အမှန်ပဲ။ ကိုယ်က သူတို့ဆီက အခွင့်အရေးတစ်ခုလိုချင်လို့ ကပ်နေတယ်လိုထင်တာရယ် ကိုယ်တကယ် ဒုက္ခေ၇ာက်၇င်သူငယ်ချင်းဆိုတာက ဘယ်လောက်ကူညီပေးမှာလဲဆိုတာ၇ယ်ကို သိချင်လာပြန်ေ၇ာ..။
ကိုယ်က မျှော်လင့်ချက်မရှိပင်မယ့် လူဆိုတာ ဘယ်လောက်ထိ တစ်ယောက်နဲ့ တစ်ယောက် ပေးဆပ်ရဲလည်းဆိုတာ ကိုယ်လည်းမသိပါဘူး။ တကယ်လို့ ကိုယ်ကိုယ်တိုင်ကရော ကူညီပေးနိုင်ပ့ါမလားဆိုတာကို ဝေဝါးနေပါတယ်..။

ကျွန်မ မှာ သူငယ်ချင်းအပေါင်းအသင်းသိပ်မရှိပါဘူး။ အထက်တန်းကျောင်းတက်တုန်းက သူငယ်ချင်းတွေကလည်း ဝေးကုန်ကြပြီး တစ်ဦးနဲ့ တစ်ဥိး အဆက်အသွယ်မရှိသလောက်ဖြစ်နေပါတယ်။ အထက်တန်းကျောင်းကတည်းက ပေါင်းတဲ့ နှင်းဆီဆိုတဲ့ သူငယ်ချင်းမလေး တစ်ဦးတည်းပဲရှိပြီး သူနဲ့ကတော့ ဘယ်ဆီရောက်ရောက် အဆက်အသွယ်မပြတ်ပါဘူး။တက္ကသိုလ်တက်တာလည်း မတူပဲနဲ့ အမြဲတွဲဖြစ်နေပါတယ်။ ဒါပင်မယ့် တစ်ခါမှ ဖုန်းတွေဆက်ြ့ပီး အကြာကြီး ပြောဆိုတာတွေ သိပ်မရှိပါဘူး။ အဝေးရောက်နေတုန်း တစ်ခါတလေ ဆက်တာက လွဲရင် မဆက်ဖြစ်သလောက်ပါပဲ ။ အလုပ်အားတဲ့အချိန် တွေ့မယ်ဆိုတာလောက်ချိန်းတာလောက်ပဲ ရှိပါတယ်။ ဒါပင်မယ့် ဘယ်အချိန်ရောက်ရောက် အဆက်အသွယ်တော့လုပ်ကြပါတယ်။ မွေးနေ့မှာ တစ်ခြားသူတွေနဲ့မလုပ်ဖြစ်တောင် သူနဲ့ နှစ်ယောက်တည်းမုန့်စားတာ မွေးနေ့လက်ဆောင်ဝယ်ပေးတာမျိုးတော့ ရှိပါတယ်။ တစ်ခါမှလည်း ရန်မဖြစ်ဘူးတာတော့ အံ့သြမိပါတယ်။ ဒါပင်မယ့် တစ်ဦးနဲ့တစ်ဦး ပိုက်ဆံချီးတာ အကူအညီအကြီးကြီးတွေ မတောင်းသလောက်ပါပဲ။ သူဝယ်ထားတဲ့စာအုပ်ကို ငှားဖတ်တာ အခွေတွေပေးတာ ကလွဲရင် ကျန်တဲ့ကိစ သိပ်မရှိပါဘူး။ ဒါပင်မယ့် အသက်တွေဘယ်လောက်ကြီးကြီး သူနဲ့ အဆက်အသွယ်မပြတ်ဘူးဆိုတာတော့ သေချာသိနေပါတယ်။ သူ့ဘက်ကလည်း အဲဒီလိုပါပဲ ။ ဒါပင်မယ့် ကျွန်မစိတ်တွေ အရမ်းပင်ပန်းနေတာတွေ စိတ်ညစ်စရာတွေရှိတာကို သူ့ကို တစ်ခါမှ မပြောဖြစ်ခဲ့ဖူးဘူး။ သူကလည်း တစ်ခါမှမပြောဖြစ်ဘူး။
နှစ်ယောက်သားတွေ့ရင် ရယ်မောပြီး စနောက်နေတာပါပဲ ။ တစ်ဦးနဲ့ တစ်ဥင်္ီး ပြောတဲ့ စကားကို တစ်ခါမှလည်း စကားအထ ကောက်ပြီး စိတ်ကောက်တာမျိုးမရှိပါဘူး။ အလှအ၇မ်းကြိုက်ပြီး အေးဆေးနေတတ်တဲ့ နှင်းဆီနဲ စာအုပ်တွေအခွေတွေလောက်ပဲသိတဲ့ ကျွန်မတို့ တစ်ခါမှ ရန်မဖြစ်ဖူးဘူး။ဒါပင်မယ့် အကြိုက်အတော်များများတူပါတယ်။ ကျွန်မစိတ်ဓာတ်တွေကျတုန်းကတောင် သူနဲ့စကားတွေပြောတော့ ပျော်ပျော်ရွှင်ရွှင်ပဲ နေပြတယ်။ ပြီးတော့ ငါ စိတ်ညစ်နေတဲ့ပုံပေါက်လားလို့ မေးကြည့်တော့ မပေါက်ပါဘူးတဲ့။ ကဲ ကောင်းရော အဲဒီလောက် လူအကဲအခတ်တော်တဲ့ သူငယ်ချင်းပဲ။ သူ့မိဘ ကိုယ့်မိဘတွေကလည်း သမီးလေးလို့ပဲ သတ်မှတ်ထားပြီး ဘယ်အချိန် သွားစားစားရတယ်။အိမ်က သိတာကလည်း ဒီသူငယ်ချင်းလောက်ပဲ သိတယ်။ နောက်ပိုင်းတော့ အလုပ်တွေ အားတဲ့၇က်မတူတော့ အတော်ကြာမှတစ်ခါ တွေ့ဖြစ်တာကလွဲရင် မတွေ့ဖြစ်ပင်မယ့် ဘယ်တော့မှ အဆက်အသွယ်ပြတ်မယ့်သူမဟုတ်ဘူးဆိုတာ စိတ်ထဲမှာ သိနေတယ်။

နောက်တစ်ခုက ကျွန်မ အကျင့်က မိတ်ဆွေအပေါင်းအသင်းပေါပင်မယ့် စိတ်ထဲနှစ်ပြီးခင်မှ သူငယ်ချင်းလို့ သတ်မှတ်တာပါ။ သိတာခင်တာပဲရှိတာ စိတ်ထဲမှာ သူငယ်ချင်းလိုမခင်မိရင် ကျန်တဲ့ ကိစအတော်များများကို မသိစေချင်ဘူး။ သွားသွားလာလာလည်း မလုပ်ချင်ဘူး။
အဲဒီလိုနဲ့ နောက်ပိုင်းတော့ သူငယ်ချင်းဆိုတာတွေက ဝေးလာပါတယ်။ အလုပ်ထဲမှာသိတဲ့သူတွေကလည်း အလုပ်သဘောအ၇ပဲ ခင်မင်ထားပါတယ်။ အဲဒီတော့ သူငယ်ချင်းဆိုတာကို အနက်အဓိပ္ပယ်ဖွင့်လို့မရဖြစ်ခဲ့ဘူး။
ဒီလိုနဲ့ သင်တန်းတစ်ခုမှာ ပျော်ပျော်ရွှင်ရွှင်တက်ရင်း သူငယ်ချင်းကောင်မလေးတစ်ယောက်ကို အတော်ခင်မင်ခဲ့ဖူးတယ် ။ခင်မင်တာထက် သနားတာက ပိုပါလိမ့်မယ်။ သူ့လျှို့ဝှက်ချက်အဖြစ် ရှိနေတဲ့အ၇ာတွေဆိုပြီး အတော်များများကိုယ့်ကို ပြောပြတော့ ကိုယ်က သနားတာရော ခင်မင်ဖို့ကောင်းတာနဲ့ အားလုံးထက်ပိုခင်တာမဟုတ်ပင်မယ့် သူ့အတွက်ကို အတော်များများလုပ်ပေးခဲ့ဖူးတယ်။ သင်တန်းမှာသူ့လိုအပ်ချက်တွေကို ကိုယ်က လုပ်ပေးခဲ့ဖူးတယ်။ သင်တန်းတွေပြီးတော့ သူနယ်ပြန်သွားတဲ့အခါ သူအကူအညီတောင်းတဲ့ ကိစ္စတွေကိုတကယ်လိုအပ်လို့ပဲ ဆိုတဲ့ အတွေးတွေနဲ့ပဲ လိုအပ်တာတွေ လုပ်ပေးဖူးတယ်။ ရန်ကုန်မှာ အခြေချဖို့ မိဘအိမ်က ထွက်လာခဲ့တဲ့သူ့ကို ကျွန်မတို့ သူငယ်ချင်းတွေ ကားဂိတ်မှာ သွားကြိုခဲ့ကြပြီး သူငယ်ချင်းနေအိမ်မှာ နေထိုင်ဖို့အရေး အားလုံးလုပ်ပေးခဲ့တယ်။ ဒီကြားထဲမှာ ကိုယ်က ငွေကြေးပိုင်းဆိုင်ရာအပြင် သူ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေမှာ ကြားဝင်ဖြေရှင်းခဲ့ဖူးတယ်။ ဒီလိုနဲ့ ကြားမှာ ပြသနာပေါင်းများစွာမှာ ကိုယ်က ကြားဝင်ပြီးဖြေရှင်းမှုတွေကို တခြားသူငယ်ချင်းတွေနဲ့ အထင်အမြင်လွဲမှားမှုတွေဖြစ်ပေါ်စေခဲ့တဲ့အထိ ကိုယ်က ဘာမှမပြောဘဲ ကူသင့်သလောက်ကူပေးခဲ့ဖူးတယ်။ ကိုယ်က ဒီလိုလုပ်ပေးတယ်ဆိုတာကို ဂုဏ်တင်ပြီးပြောချင်တာမဟုတ်ပင်မယ့် ကိုယ်က ဘာတစ်ခုမှမသိခဲ့ဘဲ လုပ်ပေးခဲ့၇ဖူးပြီးနောက်ဆုံးတော့ သူက ကိုယ်အပါအဝင် သူငယ်ချင်းအားလုံးကို အဆက်အသွယ်ဖြတ်ပြစ်လိုက်တာကို ခံခဲ့ရလို့ ကိုယ်တို့တွေအံ့သြခဲ့ရတာပါ။ စိတ်ဆိုးလားဆိုတာထက် စိတ်မကောင်းဘူးဖြစ်တာ ပိုပါတယ်။ ကိုယ့်စိတ်ထဲမှာ လိုအပ်လို့ကူညီပေးတာထက် သူ့ကို တကယ်သနားခဲ့ပြီး ကူပေးခဲ့ရတာကြောင့်ပါ ။နောက်ဆုံးတော့ သူပြောတာတွေက ပုံပြင်ဆန်ဆန်တွေနဲ့ ရှုပ်ထွေးမှုတွေကြားမှာ ကိုယ်တို့တွေက ရယ်စရာကြီးပဲ ဖြစ်ခဲ့သလိုပါ။ အခုတော့လည်း မြန်မာတွေပေါများတဲ့ နိုင်ငံတစ်ခုမှာနေထိုင်ရင်း ဘဝသစ်တစ်ခုကို ရပ်တည်နေတယ်သတင်းကြားတာကလွဲရင် အဆက်အသွယ်တွေ ပြတ်ကုန်ပါပြီ။
လူမှုရေးကွန်ယက်ဖြစ်တဲ့ Facebook မှာတောင် ကိုယ်တို့သူငယ်ချင်းတွေကို ဖယ်ထားတာသိကတည်းက သူ့စိတ်ကိုသိပြီး ကိုယ်လည်း ဘာမှမတွေးတော့ပဲ သူ့သဘောအတိုင်းပဲလို့ ထားလိုက်ပင်မယ့် စိတ်ထဲမှာတော့ သိပ်မကောင်းပေ.။
အသက်တွေကြီးပြင်းလာမှုနဲ့ အတူ လုပ်ငန်းသဘောအရ သိလာတဲ့သူငယ်ချင်းတွေရှိခဲ့ပင်မယ့် အားလုံးက လုပ်ငန်းသဘောအရ ခင်မင်ရင်းနှီးမှုတွေသာဖြစ်နေတယ်။ အခုဆို လုပ်ငန်းသစ်တစ်ခုမှာ နေသားကျနေပင်မယ့် အလုပ်ထဲမှာ အပေါင်းအသင်းမရှိသလိုဖြစ်နေတယ်.။ မိတ်ဆွေတွေရှိပါတယ်.။ ဒါပင်မယ့် သူငယ်ချင်းတွေလို လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင် ဟန်ဆောင်မှုကင်းသော ဆက်ဆံမှုများကိုသာ လိုချင်သည်။ အပေါ်ယံသဘောအရ သွက်လက်မည်ဟုထင်ရသော ကျွန်မသည် အမှန်တကယ်တော့ အေးစက်သူသာဖြစ်သည်ကို ကိုယ်သာသိသည်ဖြစ်သည်။ သို့နှင့် အသက်တွေ တစ်ဖြည်းဖြည်းကြီးလာသည်နှင့်အမျှ ကိုယ်သည် ပိုပြီးပိုပြီး ဝေးကွာလာခဲ့ရတော့သည်ကား အမှန်တရားတစ်ခုပင်ဖြစ်သည်။ သို့သော် ဘယ်လောက်ပင် ဝေးကွာနေပါစေ ဆုံခဲ့ဖူးသော သူငယ်ချင်းများကို စိတ်ရင်းထဲတွင် တေးမှတ် ပျော်ဝင်နေဆဲသာဖြစ်သည်။ သာသည်နာသည်မတွေ့းပဲ အတူစိတ်ရင်းများဖြင့်ရှိခဲ့ဖူးသော နေ့ရက်များသည် ဆက်လက်ရှင်သန်စေချင်သည်။ ကိုယ့်အတွေးကတော့ သူငယ်ချင်းဆိုတာ ဘယ်တော့မှ လွှတ်ပစ်လိုက်လို့မရတဲ့အရာလို့ပဲ သတ်မှတ်မိပါသည်။

အတွေးစာ

Standard

နောက်နေ့မနက် အိပ်ရာနိုးရင်း မင်းသတိရမှာပါ ။
မင်းဘဝကြီးက တစ်ခါတစ်ရံမှာ အကျပ်ရိုက်ခံနေရပြီး ချောင်ပိတ်နေတတ်ပါတယ်..။
လူတွေအားလုံး ငါ့ကို ကျော်ဖြတ်သွားနေသလိုပါပဲ ။
ဘာအလုပ်မှ မပြီးသေးချိန်မှာ မင်းအနေနဲ့ လုနောက်နေ့မနက် အိပ်ရာနိုးရင်း မင်းသတိရမှာပါ ။
မင်းဘဝကြီးက တစ်ခါတစ်ရံမှာ အကျပ်ရိုက်ခံနေရပြီး ချောင်ပိတ်နေတတ်ပါတယ်..။
လူတွေအားလုံး ငါ့ကို ကျော်ဖြတ်သွားနေသလိုပါပဲ ။
ဘာအလုပ်မှ မပြီးသေးချိန်မှာ မင်းအနေနဲ့ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။
တစ်နေရာထဲမှာ ပိတ်မိနေတာလား ။
ငါဘာအတွက် ရှင်သန်နေတာလဲ။
မင်းကိုယ်မင်း မေးကြည့်
ငါဘာတွေ လုပ်နိုင်ခဲ့ပြီးပြီလည်းဆိုတာ …
တစ်စုံတစ်ခုထက် ပိုတယ်
အင်း နေမင်းက မင်းမျက်နှာပေါ် သာယာလာတော့မှာပါ
မင်းရဲ့ ဘဝကြီးကို အလဟသ မဖြစ်စေနဲ့ …။
( အင်္ဂလိပ်သီိချင်းတစ်ပုဒ်ကို ဘာသာပြန်ထားလေး ကြိုက်လို့ .. မော်ဒန်ကဗျာတစ်ပုဒ် ဖတ်ရသလို ခံစားရတယ်)
နောက်နေ့မနက် အိပ်ရာနိုးရင်း မင်းသတိရမှာပါ ။

လွန်ဆွဲအတွေးများနဲ့ စိတ်ကူးတွေ

Standard

 

ဒီနေ့ အမေ့ဆီ ခဏပြန်ဖြစ်တယ် ….။ အိမ်ရောက်တော့ သော့တန်းလန်းက ကိုယ့်ကိုကြိုဆိုနေတယ် ။စိတ်က တစ်မျိုးဖြစ်သွားတယ်။ ဖုန်းကြိုတင်မဆက်ထားတော့ ဖြစ်မှာပေါ့လေ လို့တွေးလိုက်မိတယ်။ ကိုယ့်မှာ အပိုဆောင်ထားတဲ့ သော့နဲ့ အိမ်ထဲကို ၀င်လိုက်တယ်။ အိမ်ခန်းထဲမှာ ပစ္စည်းတွေက သေသပ်တာလည်း ရှိသလို မိုးစိုမှာစိုးလို့ ၀ရန်တာက ရုတ်ထားခဲ့တဲ့ အ၀တ်တွေက တိုးလို့တန်းလန်းတွေ ….။ ကိုယ့်စာအုပ်စင်ကလည်း ဖုန်တွေနဲ့ ဖြစ်နေသလို..စာအုပ်တွေလည်း ပုံစံမကျသလို ဖြစ်နေတယ်။  တစ်အိမ်လုံးမှာ ကိုယ်အနှစ်ခြိက်ဆုံးက ရှိတဲ့ပိုက်ဆံကို တခြားဘာမှသိပ်မဝတ်တတ်ဘဲ စာအုပ်သာ ဝယ်တတ်တဲ့ ကိုယ့်စာအုပ်တွေ အပြည့်ဖြစ်နေတဲ့်စာအုပ်စင်ပဲ ။ လွယ်အိတ်ကို ခဏချထားပြီး မီးဖိုချောင်ဘက်ကို ဆက်သွားလိုက်တော့ အိုးတွေ ခွက်တွေက နေသားတကျ ။ မီးဖိုပေါ်က အိုးကို ကြည့်လိုက့် တော့ ငါးဟင်း ၊ ဘေးက အိုးကို လှန်ကြည့်လိုက်တော့ ချဉ်ပေါင်ရွက်နဲ့ မျှစ်နဲ့ ကြော်ထားတယ် ။ နှစ်နာရီထိုးပြီ။ အိမ်ရောက်မှ ထမင်းစားမယ်လို့ စဉ်းစားထားတော့ ဗိုက်က အတော်ဆာနေပြီ..။ အိမ်ထမင်းအိမ်ဟင်းနဲ့ ဝေးနေရလို့လား မသိဘူး ။ အတော်ကို စားကောင်းတယ်။ ဆိုင်ထမင်း ဆိုင်ဟင်းနဲ့ ကိုယ်မချက်တတ် ချက်တတ်နဲ့ လုပ်စားတဲ့ ဟင်းတွေနဲ့ သာ အသားကျနေမိနေတာ ကြာပြီလေ။ စားသောက်ပြီး မီးဖိုချောင်ကို ရှင်းပေးရင်း ကိုယ့်စိတ်ထဲ ဘယ်လိုဖြစ်မှန်းမသိဘူး။ တစ်ခုခုကို အားငယ်နေသလို ၀မ်းနည်းနေသလို ခံစားရနေတယ်။ မီးဖိုချောင်က ပစ္စည်းတွေကို စနစ်တကျ ရှင်းလင်းပေးတယ်။ မီးဖိုခုံ ကြွေပြားက အစ ပြောင်နေအောင် တိုက်ပေး  ။ဆေးစရာရှိတဲ့ အိုးတွေခွက်တွေကို ဆေးပေးတယ် ။ပြီးတော့ အိပ်ရာမှာလှဲနေရင်း ပြန်မလို့ စဉ်းစားတယ်။ အမေက ဘယ်သွားနေလဲမသိဘူး ။ ဘုန်းကြိးကျောင်းပဲ သွားတာလား ကိုယ်သိတဲ့ မိတ်ဆွေတွေဆီသွားတာလား မသိဘူး။ အဲဒီလိုနဲ့ တွေးနေရင်း မိုးတွေ သည်းသည်းမည်းမည်း ရွာချလာတယ်။ ကိုယ်လည်း မိုးကောင်းကောင်းနဲ့ အိပ်ပျော်သွားတယ် ။ကိုယ်နိုးလာတော့ လေးနာရီခွဲလောက်ရှိနေပြီ ။ နိုးလာတာ့ ကိုယ်ယူစရာရှိတဲ့ စာအုပ်တွေ ၊ အ၀တ်အစားတွေကိုထည့်နေတယ် ။အမေ ပြန်မလာသေးဘူး။ ကိုယ် ဆက်စောင့်ရမလား ။ ပြန်ရမလား စဉ်းစားနေတုန်း အမေ ပြန်လာတယ်။ ကိုယ့်ကို တွေ့တော့ သိပ်ဝမ်းသာသွားသလိုပဲ ။ သမီးလေးကို မျှော်နေတာ ။ မနေ့ကတောင် မျှော်နေတာ။ ကိုယ့်စိတ်တွေ တစ်ခုခုဖြစ်သွားတယ်။ အမေက ဆက်တိုက်ပြော၇င်း အိပ်မှာမလားလို့ မေးနေတယ် ။ကိုယ် မအိပ်တော့ဘူး ။ ဟိုမှာ ကိစ္စတွေရှိနေတယ် လို့ပြောလိုက်တော့ မျက်နှာညှိုးသွားတယ်။ အိမ်ထောင်ကျမှ ခွဲနေတယ်ဆိုလည်း တော်သေးတယ် ။ အခုလိုမျိုးနေတာတော့ မကောင်းဘူး။ အမေ့သမီးလေးရှိနေရင် အမေ အပျင်းပြေတယ်။ ဟိုစကားပြော ဒီစကားပြောနဲ့ အခုတော့ အမေတစ်ယောက်တည်း ညရောက်တာနဲ့ အိပ်တော့တာပဲ ။ အစ်မတွေကလည်းသူတို့ ကိုရီးယားကား သူတို့ အလုပ်က အကြောင်းတွေပြောရင်း အမေ့ကို သိပ်စကားမပြောဖြစ်သလို ဖြစ်နေတာလေ။ ကိုယ်ကသာ ဟိုအကြောင်း ဒီအကြောင်း ပြောပြဖြစ်တယ်။ ဗိုက်ဆာတယ် လို့ အာပြဲကြီးနဲ့ အော်တဲ့အသံကအစ သူတို့အတွက် သီချင်းသံဖြစ်နေတာလေ။ ညဘက် စောစောမအိပ်ရင်လည်း အိပ်ပျော်နေရင်းတောင် ထပြီး အငယ်မ မအိပ်သေးဘူးလား ဘာညာပြောရင်း တစ်ခါတလေ ထဟောက်ခံနေရရင် မီးပိတ် ပြီး အိပ်ရာထဲဝင်ရတာလေ ။အခု အမေ့သမီးအပျင်းကို ပြောစရာမလိုတော့ဘူးလို့  ပြောတော့ အဲဒီလိုမဟုတ်ဘူးလေ။ အမေ့ဘေးနားမှာ သမီးရှိနေဖို့သာ လိုအပ်တာပါလို့ပြောလာတယ် .။ အဲဒီနေ့က ကိုယ်အပြန်လမ်းတစ်လျှောက်ရော အိမ်ပြန်ရောက်တော့ ကိုယ်ဘာတွေတွေးနေမိလဲ။ ကိုယ်သီချင်း အကျယ်ကြီးဖွင့်ပြီး သန့်ရှင်းရေးတွေ ကိုယ့်အ၀တ်တွေ ရှင်းတယ် ။ ရေချိုးပြီး ကိုယ် အင်တာနက်သုံးတော့ ကိုယ့်စိတ်က မကပ်နိုင်သေးဘူး။ ကိုယ့် အတ္တတစ်ခုကြောင့် မိဘကို ပစ်ထားသလို ဖြစ်နေပြီ်လား ။ ကိုယ့်လွတ်လပ်ချင်စိတ်နဲ့ မိဘကို ပစ်ထားမိပြီလား ။ ကိုယ့်အတွေးတွေ ရှင်သန်စေမယ့် နေရာတစ်ခုမှာ ကိုယ်အခြေချဖို့ ကြိုးစားနေချိန် ကိုယ် အိမ်နဲ့ ခွဲနေရအုံးမှာပဲ။။။ ဒီလိုနဲ့ ကိုယ်ဟာ လေလွင့်သူတစ်ဦးလို ဖြစ်နေပြီလား ။ ရတဲ့ ၀င်ငွေရဲ့ သုံးပုံတစ်ပုံလောက်ပဲ အိမ်ကို ပေးလိုက်တာနဲ့ ကိုယ့်တာဝန်ကျေတယ်လို ခံယူထားမိလား။ ကိုယ် အလုပ်မသွားမီ ကိုယ်ကြိုက်တဲ့ ဟင်းတွေနဲ့  ထမင်းဗူးအဆင်သင့်ပြင်ပေးထားတဲ့ အမေ  ။ ကိုယ်သောက်ဖို့ အိုဗာတင်း ဒါမှမဟုတ် နို့တစ်ခွက်ကိုမရမက မသောက်သောက်အောင် တိုက်တတ်တဲ့ အမေနဲ့ တခြား အရာအားလုံးကို ကိုယ်ကျောခိုင်းပြီး မနက်အိပ်ရာထတာနဲ့ ကမန်းကတန်းရေချိုး အိမ်သော့ခတ်ပြီး ကိုယ်ရုံးကို အပြေးအလွှားသွားရတယ်။ ရုံးရောက်မှ ကော်ဖီတစ်ခွက်ဖျော်သောက်ရင်း တစ်နေ့တာကိုလှုပ်ရှားသက်ဝင်၇တယ်။ ထမင်းစားချိန်ကို ထမင်းဆိုင်တစ်ဆိုင်မှာြေုဖဂှုင်းလိုက်ရတဲ့နေ့၇က်တွေ …။

အလုပ်ကပြန်လာရင် ကိုယ်စားဖို့ ကိုယ့်ဘာသာ လုပ်ကိုင်ရင်း နေ့ရက်တွေကို ကိုယ်ကြိုးစားဖြတ်သန်းနေရတယ်။

ကိုယ့်စိတ်တွေ လွန်ဆွဲနေတယ် ။ကိုယ် ရုန်းထွက်ဖို့ ကြိုးစားတာမဟုတ်ပင်မယ့် ပစ်ထားတာလည်း မဟုတ်ပါဘူး ။ ကိုယ့်စိတ်ထဲမှာ သံမှိုရိုက်ထားသလိုဖြစ်နေတဲ့ စကားလုံးတွေမကြားချင်တော့ ကိုယ့်အတွေးတွေရှင်သန်နိုင်မယ့်နေရာတစ်ခုကို  ကိုယ် ရုန်းထွက်မိလာတယ်။ ကိုယ့်ကို သူတို့ဝိုင်းဝန်းပံ့ပိုးတယ် ။။ သိပ်ကို အလိုလိုက်တယ် ။ ဒီကြားထဲမှာ ကိုယ့်အဆိုးတွေကို သူတို့အများကြီးခံခဲ့ရတယ်။ ကိုယ် ဘာမှကို တာဝန်မယူနိုင်သေးဘူး။ ကိုယ့် တစ်ကိုယ်ရေစာကိုတောင် ကိုယ်တာဝန်မယူနိုင်သေးဘူး။

ကိုယ် ညအိပ်ရာဝင်ခါနီးတိုင်း ကန်တော့တာက လွဲလို့ ကိုယ်ဘာမှမလုပ်နိုင်သေးဘူး။

ကိုယ့် စိတ်ထဲမှာ လွန်ဆွဲနေတယ်………………။